မည်မျှကြာမည်နည်း
Lewis Carroll ရေးသားသော Alice in Wonderland ဂန္တဝင်စာအုပ်ထဲတွင် Alice က ‘‘ထာဝရဆိုတာ ဘယ်လောက်ကြာသလဲ’’ ဟုမေးရာ ယုန်ဖြူလေးက ‘‘တစ်ခါတစ်လေ တစ်စက္ကန့်ပဲကြာတယ်’’ ဟုဖြေခဲ့သည်။
ကျွန်တော့်ညီ ဒေးဗစ် ရုတ်တရက်ကွယ်လွန်သွားချိန်တွင် ထိုအတိုင်းပင် အချိန် ဆိုတာ အရမ်းမြန်တာပဲဟု ခံစားမိသည်။ သူ့အောက်မေ့ဖွယ် နေ့ရက် နီးလာသည်နှင့်အမျှ ခံစားနေရသည့်ဆုံးရှုံးမှုဝေဒနာ ပို၍ပြင်းထန်လာသည်။ အချိန်စက္ကန့်တိုင်းသည် ထာဝရ ကာလလိုပင် ကြာမြင့်သည်။
ထိုနည်းတူခံစားနေရသည့် ဒါဝိဒ်မင်းကြီးသည်လည်း ‘‘အို ထာဝရဘုရား၊ အကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှကာလပတ်လုံး မေ့လျော့တော်မူမည်နည်း။ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထား တော်မူမည်နည်း။ အကျွန်ုပ်သည် အစဉ်ဝမ်းနည်းလျက် အဘယ်မျှကာလပတ်လုံး တွေးတောသောစိတ် ရှိရပါမည်နည်း။ အကျွန်ုပ်၏ရန်သူသည် အဘယ်မျှကာလပတ်လုံး အကျွန်ုပ် ကို အုပ်စိုးရပါမည်နည်း’’ (ဆာ ၁၃း၁-၂) ဟု စပ်ဆိုခဲ့သည်။ ထိုအခန်းငယ်…
ဖုန်းသုံးရန်သတ်မှတ်ထားသောနယ်မြေ
ဆဲလ်ဖုန်းတို့၏အားသာချက်တစ်ခုမှာ အခြားသူများထံသို့ မည်သည့်နေရာမှမဆို ဆက်သွယ်နိုင်ခြင်းပင်ဖြစ်သည်။ လူအများက မော်တော်ကားမောင်းနေစဉ် ဖုန်းဖြင့်စကား ပြောခြင်း၊ စာတိုပို့ခြင်းများ ပြုလုပ်ကြသဖြင့် ပြင်းထန်သောယာဉ်တိုက်မှုများ ဖြစ်ပေါ် စေသည်။ ထိုသို့ ပြဿနာများမဖြစ်စေရန် ကမ္ဘာ့နေရာတော်တော်များများတွင် အာရုံ ထွေပြားစေမည့် ကားမောင်းနှင်ခြင်းအမှုကို တရားဥပဒေ အရ ခွင့်မပြုပါ။ အမေရိကန်နိုင်ငံ၏ အဝေးပြေးလမ်းမများ ပေါ်တွင် ဆဲလ်ဖုန်းဖြင့် ဖုန်းပြောလိုလျှင်သော်လည်းကောင်း၊ စာတိုပို့လိုလျှင်သော်လည်းကောင်း ပြောနိုင်ပို့နိုင်ရန် နေရာများ သတ်မှတ်ထားပြီး ဖုန်းသုံးလိုပါက လမ်းဘေးတွင် ကားကို ရပ်ပြီး လုံခြုံစိတ်ချစွာ စိတ်ကြိုက်သုံးနိုင်ကြောင်း လမ်းဘေးသတိပေးဆိုင်းဘုတ်များဖြင့် အသိပေးထားသည်။
ယာဉ်မောင်းများအား ဖုန်းသုံးစွဲမှုများကို တားမြစ်ကန့်သတ်ထားသော်လည်း အခြားတစ်ဘက်တွင် အကန့်အသတ်မရှိဆက်သွယ်နိုင်သောအရာမှာ - ဆုတောင်းခြင်း ပင်ဖြစ်သည်။ ဘုရားသခင်က သွားလာသည့်အခါသော်လည်းကောင်း၊ ငြိမ်သက်စွာ ထိုင်နေလျှင်သော်လည်းကောင်း၊ အချိန်မရွေး သူအားခေါ်ရန်ပြောရန် ဖိတ်ခေါ်လျက် ရှိသည်။ ဓမ္မသစ်ကျမ်းတွင် ရှင်ပေါလုက ဘုရားသခင်နှင့်ဆက်သွယ်လိုပါက “မခြားမလပ်ဆုတောင်းရန်” (၁ သက် ၅း၁၇)…
ထိုင်ခုံခါးပတ် ပတ်ထားရန်
ထိုင်ခုံခါးပတ်များ ပတ်ထားရန် အချက်ပြခလုတ်ကို လေယာဉ်မှူးက ဖွင့်လိုက်သဖြင့် ကြမ်းတမ်းသည့်လေထုထဲသို့ ကျွန်တော်တို့ရောက်ရှိနေကြောင်း ပြနေသည်။ ‘‘သင့် ထိုင်ခုံရှိရာကို ချက်ခြင်းပြန်သွားပြီး ထိုင်ခုံခါးပတ်ကို ခိုင်ခိုင်ပတ်ထားပါ။’’ ဟူသည့် သတိပေးချက်ကို လိုအပ်ချိန်များတွင် လေယာဉ်အမှုထမ်းများက ကြေငြာလေ့ရှိသည်။ အကြောင်းမှာ ကြမ်းတမ်းသည့်လေထုထဲ၌ ခါးပတ် မပတ်ထားသည့်ခရီးသည်များအနေဖြင့် ထိခိုက်ဒဏ်ရာရနိုင်သည်။ ထိုင်ခုံတွင် လုံခြုံစွာရှိနေလျှင် ကြမ်းတမ်းသည့်လေထုကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်ကြမည်ပင်။
အများအားဖြင့် ဘ၀ကိုအနှောင့်အယှက်ပေးသည့် အတွေ့အကြုံ၊ အဖြစ်များက ကြိုတင်သတိပေးပြီး ရောက်လာ ခြင်းမဟုတ်။ သို့သော် ချစ်နှစ်သက်ဖွယ် အဘဘုရားက ကျွန်ုပ်တို့၏ရုန်းကန်ရမှု များကိုသိပြီး ဂရုစိုက်သည်။ ကျွန်ုပ် တို့၏သောကများ၊ နာကျင်ရမှုများနှင့် ကြောက်ရွံ့မှုများကို သူ့ထံသို့ ယူဆောင်လာရန် ကိုယ်တော်ဖိတ်ခေါ်သည်။ ‘‘ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခ များကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည် နည်းတူ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။…
သိကျွမ်းခြင်းနှင့် ချစ်ခြင်း
‘‘ယေရှု ငါ့ကိုချစ်ပေ၏၊ ကျမ်းစာအားဖြင့် သိရသည်’’ ဆိုသည့် သတင်းစကားသည် ခရစ်ယာန် ဂီတလောက၏ထာဝရသီချင်းများထဲမှတစ်ပုဒ်ဖြစ်ပြီး အထူးသဖြင့် ကလေးများ အတွက်ဖြစ်သည်။ ထိုသီချင်းကို ၁၈၀၀ ပြည့်နှစ်ခန့်တွင် Anna B. Warner က ရေးစပ်ခဲ့ပြီး သီချင်းစာသားများက ကျွန်ုပ်တို့ အချစ်ခံရကြောင်း ကျွန်ုပ်တို့နှင့် ကိုယ်တော်၏ ကြင်နာသောဆက်ဆံရေးကို အတည်ပြုပေးသည်။
ထို့နောက် ‘‘ယေရှု ကျွန်ုပ်ကို သိသည်။ ကျွန်ုပ် သဘောကျနှစ်သက်သည်’’ (Jesus knows me, this I love) ဟု စာလုံးကို ကစားပြီး ရေးသားထားသည့် ပလိပ်ပြားတစ်ခုကို လူတစ်ဦးက ကျွန်ုပ်၏ဇနီးအား အိမ်တွင်ချိတ်ဆွဲရန် ပေးခဲ့ သည်။ ၎င်းသည် ကျွန်ုပ်တို့ကို ကိုယ်တော်သိကျွမ်းကြောင်း ကိုယ်တော်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေး အခြားရှုထောင့်တစ်ခု ကို ပြနေသည်။
ရှေးဣသရေလပြည်တွင် သိုးများကို သိကျွမ်းခြင်းနှင့် ချစ်ခြင်းက စစ်မှန်သော သိုးထိန်းနှင့်…
ကြီးမားသောကမ္ဘာ၊ သာ၍ ကြီးမြတ်သောဘုရားသခင်
မီချီဂန် ပြည်နယ်မြောက်ပိုင်းတွင် ခရီးသွားရင်း အီကွေတာနှင့် မြောက်ဝင်ရိုးစွန်း၏ အလယ်တည့်တည့်ကို အမှတ်အသားပြုထားသည့် ၄၆ ဒီဂရီ မျဉ်းပြိုင်ဆိုင်းဘုတ်ကို ဖြတ်သန်းသွားစဉ် မာလင်းက ‘‘ကမ္ဘာကြီးက ဒီလောက်တောင်ကြီးတာ အံ့မခန်းဘဲနော်’’ ဟု တအံ့တသြဆိုသည်။ ထို့နောက် ကျွန်ုပ်တို့သည် မည်မျှသေး၍၊ ကမ္ဘာမြေမည်မျှ ကြီးမားကြောင်း ပြောဖြစ်ခဲ့ကြသည်။ သို့တိုင် စကြ၀ဠာကြီးနှင့် နှိုင်းဆကြည့်ပါက ကျွန်ုပ်တို့၏ကမ္ဘာမြေပင် မြူမှုန်တစ်မျှ ဖြစ်သွားပါတော့သည်။
ကမ္ဘာမြေက ကြီးမား၍၊ စကြ၀ဠာကြီးက သာ၍ ကြီးမားပါက ထိုအရာများကို ဖန်ဆင်းခဲ့သူသည် မည်မျှ တန်ခိုးကြီးမားလိမ့်မည်နည်း။ သမ္မာကျမ်းစာ၌ ‘‘အကြောင်း မူကား ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်း တန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်လည်းကောင်း၊ ထိုသခင်အဖို့အလိုငှာ လည်းကောင်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏’’ (ကော…
ဝမ်းမြောက်ခြင်းနှင့် တရားမျှတခြင်း
အာရှဒေသ၌ အစည်းအဝေးတက်ခဲ့စဉ် ကျွန်တော်ကို အမြင်သစ်ဖွင့်ပေးသည့် အကြောင်း နှစ်ရပ်ကို ကြားခဲ့ရသည်။ သင်းအုပ်ဆရာတစ်ပါးက သူသည် လူသတ်မှုဖြင့် မှားယွင်း စွပ်စွဲခံရပြီး အမှုမပြီးပြတ်မချင်း ထောင်ထဲ၌ ၁၁ နှစ် အချုပ်ခံခဲ့ရကြောင်း ပြောပြသည်။
တစ်ဖန် မိသားစုတစ်ခုမှလည်း ၎င်းတို့၏မွေးရပ်ဇာတိနိုင်ငံ၌ ဘာသာရေးနှိပ်ကွပ် ညှဉ်းဆဲမှုမှလွတ်အောင် ငွေအမြောက်အများ ပေးခဲ့ရ သော်လည်း ငွေလက်ခံခဲ့သူများက သစ္စာဖောက်သဖြင့် ဒုက္ခသည်စခန်း၌ နှစ်ပေါင်းများစွာနေခဲ့ရပြီး သူတို့အတွက် ခိုနားရာအိမ် ရှိပါဦးမည်လားဟု သံသယဖြစ်ရကြောင်း ဝေမျှ ပြောပြသည်။
ထိုအဖြစ်အပျက် ၂ ခုလုံးတွင် ဓားစာခံဖြစ်ရသည့် ဘ၀ကို တရားမျှတမှုမရှိခြင်းက ထပ်လောင်းနှိပ်စက်သည်။ ၎င်းသည် ယိုယွင်းသည့် ကမ္ဘာမြေ၏သက်သေဖြစ်သည်။ သို့သော် တရားမျှတမှုကင်းမဲ့ခြင်းက အမြဲတမ်း တည်ရှိ နေမည် မဟုတ်ပါ။
နာကျင်ညည်းတွားနေသော ကမ္ဘာကြီးသို့ ဘုရားသခင်အကြောင်း ကြားပြော သိစေရန် ဘုရားသခင်၏လူများကို ၆၇ ခု…
ကလေးများကို ချစ်ခြင်း
၁၈၆၅ ခုနှစ်၌ သောမတ် ဘာနာဒိုသည် လန်ဒန်ဆေးရုံ ဆေးကျောင်းသို့ ၀င်ရောက် ပညာသင်ကြားပြီး တရုတ်နိုင်ငံ၌ သာသနာပြုဆရာဝန်တစ်ဦး ဖြစ်လာရန် ရည်မှန်းချက် ရှိခဲ့သည်။ မကြာမီတွင် ဘာနာဒိုသည် သူ့ကိုယ်ပိုင်ခြံဝင်းအရှေ့တွင် အိမ်ယာမဲ့ ကလေးများ ကျင်လည်နေထိုင်လျက်၊ လန်ဒန်မြို့လမ်းများတွင်လည်း ကလေးများ သေဆုံးလျက် အကူအညီများ လိုအပ်နေသည်ကို တွေ့ရှိ ခဲ့သည်။ အလွန်ဆိုးရွားလှသော ဤအခြေအနေအတွက် တစ်ခုခု လုပ်ဆောင်ပေးရန် သူစိတ်ပိုင်းဖြတ်ခဲ့သည်။ လန်ဒန်မြို့ အရှေ့ဘက်အစွန်တွင် ဆင်းရဲမွဲတေလှသည့် ကလေးများအတွက် ဂေဟာများထူထောင်ပေးခြင်းဖြင့် ဘာနာဒိုသည် ကလေး ၆၀,၀၀၀ ကို ဆင်းရဲမှုနှင့် အရွယ်မတိုင်မီ် သေဆုံးမှုတို့မှ ကယ်တင်နိုင်ခဲ့သည်။ ဓမ္မ ပညာရှင်နှင့် သင်းအုပ်ဆရာဖြစ်သူ ဂျွန်စကော့က ‘‘အခုခေတ် ဆိုရင်တော့ လမ်းပေါ်မှ လေလွင့်ကလေးများ၏ ကွယ်ကာရှင် သူတော်စင်လို့ သူ့ကို ခေါ်ဆိုသင့်တယ်’’ ဟု ပြောခဲ့သည်။
ရှင်ယေရှုက ‘‘ထိုသူငယ်တို့ကို…
အသက်ရှင်စေသည်
ကျွန်တော့်အဖေသည် လူငယ်ဘ၀က မြို့ပြင်၌ ကျင်းပသော အားကစားပြိုင်ပွဲသို့ သူငယ်ချင်းများနှင့်အတူ သွားကြစဉ် မိုးရေအိုင်ထွန်းနေသော အဝေးပြေးလမ်းမပေါ်တွင် ကားဘီးချော်ကာ မတော်မဆ ဖြစ်ခဲ့သည်။ အလွန်ပင် ဆိုးဝါးသော မတော်တဆမှု ဖြစ်သည်။ သူငယ်ချင်း တစ်ယောက်က ခြေလက်သေသွားပြီး အခြားတစ်ယောက်က ဆုံးပါးသွားသည်။ အဖေ့ကိုလည်း သေဆုံးပြီဟုဆိုကာ ရေခဲတိုက်သို့ ပို့လိုက်သည်။ ကြောက်ရွံ့ထိတ်လန့်ပြီး သောက ဝေနေသော မိဘများက မိမိသား ဟုတ်မဟုတ် လာကြည့် ရာ အဖေသည် နက်နက်ရှိုင်းရှိုင်း သတိမေ့မြောနေရာမှ (a deep coma) ဖြစ်နေရာမှ ပြန်လည် သတိရလာသည်။ သူတို့၏ညည်းတွားခြင်းသည် ၀မ်းမြောက်ခြင်းအဖြစ်သို့ ပြောင်းလဲ သွားသည်။
ဧဖက်အခန်းကြီး ၂ တွင် တမန်တော်ရှင်ပေါလုက ခရစ်တော်နှင့်ကွာလျှင် ကျွန်ုပ်တို့သည် ‘‘ဒုစရိုက်အပြစ်တို့၌ ကျင်လည်ကြ၍ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိနေ’’သူဖြစ်ကြောင်း သတိပေးသည် (း၁)။ သို့သော် ကျွန်ုပ်တို့အပေါ်တွင်…
သေးငယ်သော မီး
၁၆၆၆ ခုနှစ် စက်တင်ဘာလ တနင်္ဂနွေနေ့တစ်ညတွင် Pudding လမ်းရှိ Thomas Farriner ၏ မုန့်ဖုတ်ရုံမှစ၍ မီးလောင်ချိန်တွင် လူအများစုမှာ အိပ်မောကျနေကြသည်။ မကြာမီ တစ်အိမ်ပြီးတစ်အိမ် မီးကူးကား ကြီးမားလှသည့် မီးတောက်များအကြားတွင် လန်ဒန်မြို့ကြီး ၀ါးမြိုခံခဲ့ရသည်။ မြို့၏ ၅ ပုံ ၄ ပုံ ပျက်စီးပြီး လူဦးရေ ၇၀၀၀၀ ကျော် အိမ်ခြေရာမဲ့ ဖြစ်ခဲ့ရသည်။ ဤသေးငယ်သောမီးက ကြီးမားသော ပျက်စီးမှုကို ဖြစ်စေခဲ့သည်။
သမ္မာကျမ်းစာထဲတွင် သေးငယ်သော်လည်း ပျက်စီးစေတတ်သော အခြားမီးတစ်မျိုးအကြောင်း သတိပေး ထားသည်။ ‘‘ထိုနည်းတူ လျှာသည် ငယ်သောအင်္ဂါ ဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက် များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင် သည်ကို ကြည့်ပါလော့’’ ဟု ရေးသားခဲ့စဉ်က (ယာ ၃း၅) ရှင်ယာကုပ်သည် အဆောက်အအုံထက် အသက်တာနှင့် ပေါင်းသင်းဆက်ဆံရေးများအပေါ်…
ပုံတူ ရေးဆွဲခြင်း
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ National Portrait Gallery တွင် ၀င်စတန်ချာချီ၏ ပုံတူ ၁၆၆ ပုံ၊ ၀ီလျံရှိတ်စပီးယား၏ ပုံတူ ၉၄ ပုံ၊ ဂျော့ဝါရှင်တန်၏ ပုံတူ အပုံ ၂၀တို့ အပါအ၀င် ရာစုနှစ်များအတွင်း ရေးဆွဲခဲ့သော အဖိုးတန်ပုံတူများစွာကို ထိန်းသိမ်းထားသည်။ ဤရုပ်ပုံဟောင်းများကို ကြည့်ပြီး “ရှေးက ရှိခဲ့သူများနှင့် ဤရုပ်ပုံများသည် အမှန်တကယ် တူပါရဲ့လား” ဟု သင်တွေးကောင်းတွေးမိမည်။
ဥပမာ- စကော့လူမျိုး မျိုးချစ်ပုဂ္ဂိုလ် ၀ီလျံဝေါလစ်၏ ရုပ်ပုံကို ၈ ပုံမျှ တွေ့ရသော်လည်း ၎င်းတို့ကို ဟုတ်မဟုတ် နှိုင်းယှဉ် ကြည့်ရန် သူ၏ဓာတ်ပုံ တစ်ပုံမျှမရှိပါ။ ပုံရေးဆွဲသူ အနုပညာရှင်သည် ဝေါလစ်၏ပုံကို အတိအကျရေးဆွဲနိုင်ခြင်း ဟုတ်မဟုတ် ကျွန်ုပ်တို့ မည်သို့သိနိုင်ပါမည်နည်း။
ခရစ်တော်ကို ပုံဖော်ရာတွင်လည်း ထိုကဲ့သို့ပင် ဖြစ်နိုင်သည်။ ခရစ်တော်ကို ယုံကြည်သူများသည် မိမိ…